“ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိတယ်လို့ ကြုံးဝါးပြောဆိုခဲ့တဲ့ ဟာရီကိန်း”

01 Jul

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်း က သူတို့အသင်းအနေနဲ့ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်း ရှိတယ်လို့ ကြုံးဝါးပြောကြားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ကလပ်ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနေပြီး ကွာတားဖိုင်နယ်တက်ရောက်ထားသလို၊ ဟာရီကိန်းကလည်း ၃ ဂိုးသွင်းယူပြီး ဂိုးသွင်းအများဆုံးစာရင်းမှာ ပါဝင်နေပါတယ်။ ကွာတားဖိုင်နယ်အဆင့်မှာ ဘိုင်ယန်မြူးနစ်က PSG နဲ့ ရင်ဆိုင်ရမှာကြောင့် မေးမြန်းမှုအပေါ် ဟာရီကိန်းက ၎င်းတို့အသင်းအနေနဲ့ ကလပ် ကမ္ဘာ့ဖလားကို ရယူနိုင်စွမ်းရှိတယ်လို့ ယုံကြည်ပါပြီး ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိတယ်လို့ ခံစားနေရ ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ဟာရီကိန်းရဲ့ ဘိုင်ယန်မြူးနစ်အသင်းဖော် ဂိုဟက်ဇ်ကာ ကလည်း ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ PSG အသင်းကို အနိုင်ရထားတာကြောင့် လာမယ့်ပွဲအတွက် ယုံကြည်မှုရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)

01 Jul

ADVERTISE HERE .