“Ballon d'Or ဆုကို မာကင်ဟို့စ်၊ ဗီတင်ညာတို့နဲ့ ယာမယ်လ် တို့အပြိုင်လုရမယ်လို့ ပြောကြားခဲ့တဲ့ စတွိုက်ကော့ဗ်”

01 Jul

ဘာစီလိုနာအသင်းရဲ့ ဂန္ထဝင်တစ်ဦးဖြစ်တဲ့ ဟရစ္စတိုစတွိုက်ကော့ဗ် က ယာမယ်လ် အနေနဲ့ ၂၀၂၅ Ballon d'Or ဆုကို PSG အသင်းက မာကင်ဟို့စ်၊ ဗီတင်ညာတို့နဲ့ အပြိုင်လုရလိမ့်မယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့်ကစားသမား ယာမယ်လ် ဟာ ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တာကြောင့် Ballon d'Or ဆုအတွက် ရေပန်းစားတဲ့ ကစားသမားတစ်ဦးဖြစ်နေပါတယ်။ Ballon d'Or ဆုအတွက် ဆန်ခါတင်ကစားသမားစာရင်းကို သြဂုတ်လမှာမှ ထုတ်ပြန်မှာဖြစ်ပေမဲ့ ပြီးခဲ့တဲ့ရာသီ စွမ်းဆောင်ရည်အရ PSG တိုက်စစ်ကစားသမား ဒမ်ဘီလီက ရေပန်းအစားဆုံးဖြစ်နေပြီး သူ့နောက်မှာ ယာမယ်လ်၊ ရာဖင်ညာ၊ ဆာလတ်၊ ဘာပေ၊ ဗီတင်ညာ၊ မန်ဒက်စ်တို့ အစဉ်လိုက်ရှိနေပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်း ကစားသမားဟောင်း စတွိုက်ကော့ဗ် ကတော့ PSG နောက်ခံလူ မာကင်ဟို့စ် ကိုလည်း Ballon d'Or ဆု စိန်ခေါ်နိုင်ကြောင်း သုံးသပ်ခဲ့ပါတယ်။ (NVS 008)

01 Jul

ADVERTISE HERE .