“ကမ္ဘာ့ဖလားအိပ်မက်အတွက် ကိုမို ထံ ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ မိုရာတာ”

01 Jul

အေစီမီလန်အသင်းက တိုက်စစ်မှူး မိုရာတာ ဟာ ကမ္ဘာ့ဖလားအိပ်မက်အတွက် ကိုမိုအသင်းထံ ပြောင်းရွှေ့ ဖွယ်ရှိတယ်လို့ သတင်းများထွက်‌ပေါ်ခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် မိုရာတာ ဟာ ဥရောပထိပ်သီးအသင်းများစွာမှာ ကစားခဲ့ဖူးသူဖြစ်ပြီး ၂၀၂၄ နွေရာသီမှာ အေစီမီလန်အသင်းကို ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၅ ဇန်နဝါရီလမှာ ဂါလာတာစာရေးအသင်းသို့ အငှားချခဲ့ပြီး ယခုအခါအေစီမီလန်အသင်းက သူ့ကို ပြန်လည်ရောင်းထုတ်လိုနေတာ ဖြစ်ပါတယ်။ မိုရာတာ က လက်ရွေးစင်ကစားသမားဘဝက အနားယူဖို့ စဉ်းစားခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါဝင်ဖို့ ဆန္ဒရှိနေတာကြောင့် ပုံမှန်ပွဲကစားခွင့်ရရှိမယ့် ဥရောပထိပ်တန်းလိဂ်က အသင်းတစ်သင်းမှာ ပြောင်းရွှေ့ ကစားဖို့ လိုလားနေတယ်လို့ သိရပါတယ်။ မိုရာတာ ဟာ ကာတာကလပ်အသင်းတစ်သင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး စပိန်လက်ရွေးစင်အသင်းဖော် ဟောင်း ဖာဘရီဂတ်စ် ကိုင်တွယ်နေတဲ့ ကိုမို အသင်းဆီ ပြောင်းရွှေ့ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ (NVS 008)

01 Jul

ADVERTISE HERE .