“BRICS နိုင်ငံများနှင့်အတူ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ကာကွယ်ထိန်းသိမ်းရန်အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို”

26 Jun

BRICS နိုင်ငံများသည် ကမ္ဘာကြီးငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအား ကာကွယ်ထိန်းသိမ်းရန်၊ နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုအား ကာကွယ်ရန် တိုးတက်လာသည့် အင်အားဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် BRICS နိုင်ငံများနှင့်အတူ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ကာကွယ်ထိန်းသိမ်းရန်အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်း က ဇွန်လ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ မကြာသေးမီက BRICS ဥက္ကဋ္ဌနိုင်ငံအဖြစ် ဆောင်ရွက်လျက်ရှိသည့် ဘရာဇီးနိုင်ငံက အီရန်ပိုင်နက်မြေ စစ်ရေး တိုက်ခိုက်မှုခံရပြီးနောက် အရှေ့အလယ်ပိုင်းဒေသ လုံခြုံရေးအခြေအနေ အရှိန်မြင့်တက်လာမှုအပေါ် BRICS နိုင်ငံများ၏ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်က ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည်။ ကောကျားခွန်း က BRICS နိုင်ငံများသည် ကမ္ဘာကြီးငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအား ကာကွယ်ထိန်းသိမ်းရန်၊ နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုအား ကာကွယ်ရန် တိုးတက်လာသည့်အင်အားဖြစ်ကြောင်း၊ လက်ရှိ အရှေ့အလယ်ပိုင်းဒေသ အခြေအနေတင်းမာမှုနှင့်စပ်လျဉ်း၍ BRICS နိုင်ငံများ ပူးတွဲကြေညာချက်ထုတ်ပြန်၍ အပစ်အခတ်ရပ်စဲရန်၊ တွေ့ဆုံဆွေးနွေးမှုဖြင့် ညှိနှိုင်းရန်တိုက်တွန်းခြင်းသည် အရှေ့အလယ်ပိုင်းဒေသအခြေအနေ အရှိန်လျော့ကျရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှပါဝင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ သမ္မတ ရှီကျင့်ဖျင် က မနှစ်ကကျင်းပခဲ့သည့် BRICS ကာဇန် ထိပ်သီးအစည်းအဝေးတွင် ငြိမ်းချမ်းတဲ့ BRICS တည်ဆောက်ရမည်၊ အတူတကွလုံခြုံမှုရဲ့ ကာကွယ်ထိန်းသိမ်းသူအဖြစ် လုပ်ဆောင်ရမည်လို့ ထောက်ပြပြောကြား ခဲ့ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် BRICS နိုင်ငံများနှင့်အတူ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းရန်အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ကောကျားခွန်း က ပြောကြားခဲ့သည်။

26 Jun

ADVERTISE HERE .