“ဒီပေါလ် ကို ရောင်းထုတ်ဖို့ စီစဉ် အက်သလက်တီကိုမက်ဒရစ်အသင်း”

26 Jun

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ကွင်းလယ်ကစားသမား ဒီပေါလ် ကို ရောင်းထုတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိ ဒီပေါလ် ဟာ အက်သလက်တီကိုအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိပြီး စာချုပ်သစ်အတွက် ဆွေးနွေးမှုမှာလည်း အဆင်မပြေဖြစ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် အက်သလက်တီကို အသင်း ဟာ ဒီပေါလ် ကို ပြောင်းရွှေ့ကြေးရနိုင်တဲ့ အခုနွေရာသီအပြောင်းအရွှေ့မှာပဲ ရောင်းထုတ်ဖို့ စီစဉ်နေပြီး သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ ဝန်းကျင် အလိုရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဒီပေါလ် ကို ခေါ်ယူဖို့ အေစီမီလန်၊ အက်စတွန်ဗီလာနဲ့ တူရကီကလပ် ဂါလာတာစာရေး အသင်းတို့ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီပေါလ်ရဲ့ အာဂျင်တီးနားအသင်းဖော် မက်ဆီ ကစားနေတဲ့ အမေရိကန်ကလပ် အင်တာမိုင်ယာမီအသင်းကလည်း ဒီပေါလ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ (NVS 008)

26 Jun

ADVERTISE HERE .