“အီဆက်ခ် ကို ကလပ်စံချိန်တင်လစာနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေတဲ့ နယူးကာဆယ်အသင်း”
26 Jun
နယူးကာဆယ်အသင်းဟာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေ စိတ်ဝင်စားနေတဲ့ အသင်းတိုက်စစ်မှူး အီဆက်ခ် ကို ကလပ်စံချိန်တင်လစာနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး အီဆက်ခ် ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက နယူးကာဆယ်အသင်းအတွက် ပြိုင်ပွဲစုံ ၄၂ ပွဲကစားခဲ့ပြီး ၂၇ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အီဆက်ခ် ဟာ ပြီးခဲ့တဲ့ရာသီက နယူးကာဆယ်အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် လိဂ်ဖလားရရှိအောင် အဓိကနေရာကနေ စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် အီဆက်ခ် ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ထိပ်သီး တွေက အပြိုင်စိတ်ဝင်စားနေကြတယ်လို့ နယူးကာဆယ်အသင်းအနေနဲ့ အီဆက်ခ် ကို အသင်းမှာ ဆက်ထိန်းဖို့ ဆုံးဖြတ်ထားပြီး ကလပ်စံချိန်တင်လစာနဲ့ ကမ်းလှမ်းဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။ အီဆက်ခ်ဟာ နယူးကာဆယ်အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး လက်ရှိမှာ တစ်ပတ်လစာ ပေါင် ၁၂၀,၀၀၀ ရရှိနေတာ ဖြစ်ပါတယ်။ လက်ရှိ နယူးကာဆယ်အသင်းမှာ လစာအများဆုံးရရှိတဲ့ ကစားသမားအဖြစ် အသင်းခေါင်းဆောင် ဘရူနိုဂီမာရေ့စ် ရပ်တည်နေပြီး တစ်ပတ်လစာ ပေါင် ၁၆၀,၀၀၀ ရရှိနေတာပါ။ နယူးကာဆယ် အသင်းက အီဆက်ခ်ကို ဂီမာရေ့စ်ထက် လစာပိုပေးပြီး နှစ်ရှည်စာချုပ်သစ်အတွက် ကမ်းလှမ်းဖို့ စီစဉ်နေတာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ (NVS 008)