“ရပ်ရှ်ဖို့ဒ်ကို အငှားနဲ့ ခေါ်ယူဖို့ ဆန္ဒရှိနေတဲ့ ဘာစီလိုနာအသင်း”
26 Jun
ဘာစီလိုနာအသင်းဟာ မန်ယူကစားသမား ရပ်ရှ်ဖို့ဒ် ကို အငှားနဲ့ ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းဟာ ရာသီသစ်အတွက် အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရန် စီစဉ်နေပြီး ဘီလ်ဘာအိုတိုက်စစ်မှူး နီကိုဝီလီယံစ်နဲ့ မန်ယူတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် တို့ကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ စပိန်တိုက်စစ်ကစားသမား နီကိုဝီလီယံစ် ကို စာချုပ်လျော်ကြေး ပေါင် ၅၃ သန်းနဲ့ ခေါ်ယူရန် ချိန်ဆနေပြီး အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် ရပ်ရှ်ဖို့ဒ်ကိုတော့ အငှားနဲ့ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ် ဟာ မန်ယူအသင်းနည်းပြ အာမိုရင်မ် ရဲ့ အနာဂတ်စီမံကိန်းတွေမှာ မပါဝင်ဘူးလို့ ပြောခံထားရသူ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ရပ်ရှ်ဖို့ဒ် ကို အခုနွေမှာ ရောင်းထုတ်ဖို့ စီစဉ်နေပေမဲ့ ခေါ်ယူလိုတဲ့ အသင်းရှားပါးနေပါတယ်။ (NVS 008)