“ပရော်ဖက်ရှင်နယ်ကစားသမားဘဝက အနားယူကြောင်းကြေညာခဲ့တဲ့ လယ်လာနာ”

26 Jun

လီဗာပူးလ်ကွင်းလယ်ကစားသမားဟောင်း လယ်လာနာ ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝက အနားယူကြောင်း ကြေညာခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် လယ်လာနာ ဟာ ဆောက်သမ်တန်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ကစားသမားဘဝမှာ ဆောက်သမ်တန်၊ ဘုန်းမောက်၊ လီဗာပူးလ်နဲ့ ဘရိုက်တန်အသင်းတွေမှာ ကစားခဲ့တာ ဖြစ်ပါတယ်။ လယ်လာနာ ဟာ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်အပါအဝင် ဆုဖလား ၄ လုံး ရရှိခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း ပြိုင်ပွဲစုံ ၃၄ ပွဲကစားကာ ၃ ဂိုးသွင်းယူခဲ့ပါတယ်။ (NVS 008)

26 Jun

ADVERTISE HERE .