“အယ်လ်နာဆာအသင်းနဲ့ စီရော်နယ်လ်ဒို တို့သက်တမ်းတိုးမယ်လို့ သတင်းများထွက်ပေါ်နေ”

26 Jun

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒို ဟာ အယ်လ်နာဆာအသင်းနဲ့ သက်တမ်းတိုးဖို့ နီးစပ်နေပြီဟု သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ အသက် ၄၀ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒို ဟာ ဇွန်လအကုန်တွင် အယ်လ်နာဆာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုက ဆော်ဒီပရိုလိဂ်ရာသီ ပြီးဆုံးသွားချိန်မှာ အယ်လ်နာဆာအသင်းနဲ့ အခန်းကဏ္ဍ ပြီးဆုံးသွားပြီဆိုတဲ့ အဓိပ္ပာယ်မျိုးရှိတဲ့ စာသားကို ရေးသားခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ သက်တမ်းတိုးဖို့ နီးစပ်နေပြီလို့ သတင်းများထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ကြားကာလအတွင်း တခြားကလပ်အသင်းများစွာက ကမ်းလှမ်းခဲ့ပေမယ့်လည်း စီရော်နယ်လ်ဒိုက ပယ်ချခဲ့ပြီး ဆော်ဒီလိဂ်မှာပဲ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ စီရော်နယ်လ်ဒို က ၂၀၂၃ ဇန်နဝါရီလမှာ အယ်လ်နာဆီအသင်းနဲ့ စတင်လက်တွဲခဲ့ပြီး ဘောလုံးလောကမှာ လစာအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူ ဖြစ်ပါတယ်။ (NVS 008)

26 Jun

ADVERTISE HERE .