“ပါမောက္ခချုပ်ဆရာတော်ကြီးမှအောင်မြေသာစည်အလယ်တိုက်ကြီးပြုပြင်ရန် အလှူငွေကျပ်သိန်း ၁၀၀လှူဒါန်း”

26 Jun

ပါမောက္ခချုပ်ဆရာတော်ကြီးသည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အောင်မြေ သာစည်အလယ်တိုက်ကြီးပြုပြင်ရန် အလှူငွေကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့ပါတယ်။ ပါမောက္ခချုပ်ဆရာတော်ကြီးနှင့် ဝိဇ္ဇာလင်္ကာရဆရာတော်ကြီး၊ အဝေရာရာမရန်ကင်းဆရာတော်ကြီးတို့သည် မန္တလေးမြို့ရှိ မဟာဝိသုဒ္ဓါရုံတိုက်သစ်သို့ ကြွရောက်တော်မူခဲ့ကြပြီး ပါမောက္ခချုပ်ဆရာတော်ကြီးမှ မဟာဝိသုဒ္ဓါရုံ တိုက်သစ်အတွင်း ငလျင်ဒဏ်ကြောင့်ထိခိုက်ခဲ့တဲ့ စံကျောင်းပိဋကတ်တိုက်ကြီးကို ရှေးမူမပျက်ပြန်လည်ပြုပြင်ရန် သြဝါဒပေးတော်မူခဲ့ပါတယ်။ အဲဒီနောက် ပါမောက္ခချုပ်ဆရာတော်ကြီးမှ ကြွရောက်လာတဲ့ ဆရာတော်များနှင့် မဟာ ဝိသုဒ္ဓါရုံတိုက်သစ်နာယက ဆရာတော်တို့ကို သင်္ကန်းနှင့် နဝကမ္မအလှူငွေ ၁ သိန်းကျပ်စီ လှူဒါန်းတော်မူခဲ့ပါတယ်။ (NVS 003)

26 Jun

ADVERTISE HERE .