“ကာဒစ်ဖ်အသင်းကို ဝယ်ယူနိုင်ဖို့ မျှော်လင့်နေတဲ့ ဂါရတ်ဘေးလ်”
25 Jun
ရီးရဲလ်အသင်းနဲ့ ဝေးလ်စ်တိုက်စစ်ကစားသမားဟောင်း ဂါရတ်ဘေးလ်က League One ကလပ် ကာဒစ်ဖ်အသင်းကို ဝယ်ယူနိုင်ဖို့ မျှော်လင့်နေဆဲဖြစ်ကြောင်း သိရပါတယ်။ ဘေးလ် အပါအဝင် ရင်းနှီးမြှုပ်နှံသူအုပ်စုတစ်ခုက ကာဒစ်ဖ်အသင်းကို ဝယ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ် ဘေးလ် က လက်ရှိအသင်းပိုင်ရှင် ဗင်းဆင့်ထန်နဲ့ တိုက်ရိုက်ဆက်သွယ်ခဲ့တယ်လို့လည်း အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် မလေးရှားစီးပွားရေးလုပ်ငန်းရှင် ဗင်းဆင့်ထန် က ရောင်းချဖို့ ဆန္ဒမရှိဘဲ ငြင်းဆန် ခဲ့ပါတယ်။ ကာဒစ်ဖ်အသင်း ဟာ ပြီးခဲ့တဲ့ရာသီက လိဂ်ချန်ပီယံရှစ်ကနေ League Oneကို တန်းဆင်းခဲ့ရတဲ့အသင်း ဖြစ်ပါတယ်။ (NVS 008)
25 Jun