“ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်ခဲ့ရတဲ့အပေါ် ဒိုင်လူကြီးတွေကို ပြစ်တင်ဝေဖန်ခဲ့တဲ့ ဆီမြွန်နီ”
25 Jun
အက်သလက်တီကိုအသင်းနည်းပြ ဒီယေဂိုဆီမြွန်နီ က ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲက အုပ်စုအဆင့်က ထွက်ခဲ့ရပြီးနောက် ဒိုင်လူကြီးတွေကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ အက်သလက်တီကိုအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ ဘရာဇီးလ်ကလပ် ဘိုတာဖိုဂိုအသင်းကို ၁-၀ ဂိုးနဲ့နိုင်ပြီး ခြောက်မှတ်ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အုပ်စု B မှာ PSG၊ ဘိုတာဖိုဂိုနဲ့ အက်သလက်တီကို သုံးသင်းစလုံး ခြောက်မှတ်ရခဲ့ပြီး အက်သလက်တီကိုအသင်းက ဂိုးကွာခြားချက်ကြောင့် အုပ်စုတတိယနေရာပဲ ရခဲ့ပါတယ်။ အက်သလက်တီကိုအသင်းအနေနဲ့ ပြိုင်ပွဲမှာ မျှော်လင့်ထားတာထက် စောစီးစွာ ထွက်ခွာခဲ့ရပါတယ်။ PSG အသင်းရဲ့ ပွဲစဉ်မှာ ပင်နယ်တီဆုံးဖြတ်ချက်ကို VAR ကြည့်ကာ ပြောင်းလဲခဲ့တာကြောင့် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်က ၎င်းတို့နဲ့ ဆန်ကျင့်ဘက်ခဲ့ဖြစ်ခဲ့တယ်လို့ ဒီယေဂိုဆီမြွန်နီ က ဒိုင်လူကြီးများရဲ့ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီ ဒီယေဂိုဆီမြွန်နီ က အသင်းကစားသမားများကို ချီးကျူခဲ့ပြီး အသင်ကို ဒီထက်ပိုမိုတိုးတက်အောင် လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဘိုတာဖိုဂို နဲ့ပွဲစဉ်မှာ အနိုင်ဂိုးသွင်းပြီး ပွဲစဉ်အလိုက် အကောင်းဆုံးဆုရခဲ့တဲ့ ဂရီးဇ်မန်း က ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်အပေါ် အပြစ်မမြင်ပါဘူးလို့ ပြောကြားခဲ့ပါတယ်။ (NVS 008)