စပိန်ယူ-၂၁ အသင်းကို တာဝန်ယူဖွယ်ရှိနေတဲ့ ရာအူးလ်

25 Jun

ရီးရဲလ်အသင်းရဲ့ တိုက်စစ်မှူး ရာအူးလ် ဟာ စပိန်ယူ-၂၁ လက်ရွေးစင်အသင်းနည်းပြအဖြစ် တာဝန်ယူဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ရာအူးလ် ဟာ လက်ရှိနည်းပြဖြစ်သူ ဆန်တီဒယ်နီယာ နေရာကို အစားထိုးနိုင်မယ့်သူအဖြစ် ထိပ်ဆုံးက ရေပန်းစားနေတာ ဖြစ်ပါတယ်။ ဒယ်နီယာ ဟာ ဥရောပ ယူ-၂၁ ချန်ပီယံပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ အင်္ဂလန်အသင်းကို အရေးနိမ့်ကာ ပြိုင်ပွဲက ထွက်ခွာခဲ့ရလို့ အသင်းက ထွက်ခွာဖွယ်ရှိနေပြီး ကာတာကလပ် Al-Shahaniya အသင်းကို ကိုင်တွယ်ဖို့ နီးစပ်နေပါတယ်။ ပြီးခဲ့တဲ့မေလကမှ ရာအူးလ် ဟာ ရီးရဲလ်အရန်အသင်းဖြစ်တဲ့ ရီးရဲလ်ကက်စတယ်လာအသင်းနဲ့ လမ်းခွဲခဲ့တာ ဖြစ်ပါ တယ်။ ရာအူးလ် ဟာ စပိန်ယူ-၂၁ အသင်းကို ယူရို-၂၀၂၇ ပြိုင်ပွဲနဲ့ အိုလံပစ်ခြေစစ်ပွဲ အောင်မြင်ဖို့ ဦးဆောင်ရဖွယ် ရှိနေပါတယ်။ လစ်လပ်သွားတဲ့ ရီးရဲလ်ကက်စတယ်လာအသင်းနည်းပြနေရာကို စပိန်နောက်ခံလူဟောင်း အာဘီလိုအာ အစားထိုးတာဝန်ယူခဲ့ပါတယ်။ (NVS 008)

25 Jun

ADVERTISE HERE .