“အာနိုးလ် ရဲ့ နေရာကို အစားဝင်နိုင်မယ်လို့ ယုံကြည်နေတဲ့ ဖရင်ပေါင်”
25 Jun
လီဗာပူးလ်နောက်ခံကစားသမားသစ် ဖရင်ပေါင် က သူ့အနေနဲ့ အာနိုးလ် ရဲ့ နေရာကို အစားဝင်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ ရီးရဲလ်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ နောက်ခံ ကစားသမား အာနိုးလ် နေရာမှာ အစားထိုးဖို့ လေဗာကူဆင်အသင်းက နယ်သာလန်နောက်ခံကစားသမား ဖရင်ပေါင် ကို ပေါင် ၂၉ ဒသမ ၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဖရင်ပေါင် က ပရီးမီးယားလိဂ်ချန်ပီယံအသင်းမှ အာနိုးလ် ရဲ့ နေရာကို အစားထိုးဝင်ရောက်ကစားနိုင်တယ်လို့ ပြောကြားခဲ့တယ်။ ဖရင်ပေါင် ဟာ မန်စီးတီးအကယ်ဒမီ ထွက် ကစားသမားဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ကစားရဖို့ မျှော်လင့်နေခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)
25 Jun