“MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲမှာ တွေ့ဆုံနေတဲ့ ရန်ကုန်ယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်”
25 Jun
MNL League Cup 2025 ဗိုလ်လုပွဲမှာ ရန်ကုန်ယူနိုက်တက်နှင့် ရှမ်းယူနိုင်တက်သို့ ထိပ်တိုက်တွေ့ဆုံမှာ ဖြစ်ပါတယ်။ MNL League Cup 2025 ဆီးမီးဖိုင်နယ်အဆင့်မှာ ရန်ကုန်ယူနိုက်တက်အသင်းက ရတနာပုံယူနိုက်တက် အသင်းကို ၃ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ်ဆီးမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲတစ်ပွဲဖြစ်တဲ့ ရှမ်းယူနိုက်တက်နှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ ပွဲစဉ်မှာ ရှမ်းယူနိုက်တက်အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် ဗိုလ်လုပွဲ အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် MNL League Cup 2025 ဗိုလ်လုပွဲအဆင့်မှာ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက် အသင်း တို့တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ (NVS 008)
25 Jun