“နစကဥက္ကဋ္ဌ စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်သို့ တရားဝင်ခရီးစဉ်အဖြစ် တက်ရောက်မည်”
25 Jun
EAEU အလှည့်ကျဥက္ကဋ္ဌ၊ ဘယ်လာရုစ်နိုင်ငံသမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ၏ ဖိတ်ကြားချက်အရ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ ကျင်းပမည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF 2025)တက်ရောက်ရန် ဘယ်လာရုစ်နိုင်ငံသို့ မကြာမီတရားဝင်ခရီးစဉ်အဖြစ်သွားရောက်မှာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း နစက ဥက္ကဋ္ဌက စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ်(EEF 2025)တက်ရောက်ခြင်း၊ EAEU ၏အလှည့်ကျဥက္ကဋ္ဌ၊ ဘယ်လာရုစ်နိုင်ငံသမ္မတနှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်း၊ ဥရောပ-အာရှ စီးပွားရေး ကော်မရှင် ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ပြုလုပ်သွားမည်ဖြစ်ပါတယ်။ ဒါ့အပြင် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခြင်းများ ပြုလုပ်သွားမည်ဖြစ်ရာ ခရီးစဉ်အတွင်း နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများနှင့် Eurasian Economic Union EAEU 320 နိုင်ငံများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်ခိုင်မာအောင်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ နစက ဥက္ကဋ္ဌက ဘယ်လာရုစ်နိုင်ငံမှတစ်ဆင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ် အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydeno ၏ဖိတ်ကြားချက်အရ ဘူရားတီးရားပြည်နယ်သို့သွားရောက်၍ အထင်ကရ နေရာများနှင့် စက်ရုံ၊ အလုပ်ရုံများကို လေ့လာသွားမှာ ဖြစ်ပါတယ်။ နစကဥက္ကဋ္ဌနှင့်အတူခရီးစဉ် နစကအဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့် စစ်ဘက်၊ နယ်ဘက်မှအဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားမည်ဖြစ်ပါတယ်။(NVS 004)