“ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုများရှိပြား”

25 Jun

တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်များရှိ ဆေးရုံကြီးများမှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်ရောက် ကုသမှုအခြေအနေကို ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်မှ ၂၂ ရက်အထိ တွေ့ရှိရသောစာရင်းများကို ထုတ်ပြန်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ သာမန်ဖြစ်ပွားသူမှာ လူဦးရေ ၆၀ ရှိနေပြီး ပဲခူးတိုင်း ဒေသကြီးမှာ ပြင်းထန်အဆင့်ဖြစ်ပွားသူ နှစ်ဦးအထိ ရှိနေတယ်လို့ သိရပါတယ်။ မိုးဦးကျကာလတွင် ဖြစ်ပွားတတ် သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်း နှိုးဆော်ထား ပါတယ်။ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ခြင်းက မသန့်ရှင်းသောရေ၊ မသန့်ရှင်းသော အစားအသောက်များ စားမိရာမှ တစ်ဆင့် ဖြစ်ပွားလေ့ရှိပြီး၊ ရောဂါလက္ခဏာများအနေဖြင့် အရည်ဝမ်းများစွာသွားခြင်း၊ ငါးညှီနံ့နံသော ဆန်ဆေးရည် ကဲ့သို့ ဝမ်းသွားခြင်း၊ အော့အန်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ မျက်တွင်းချိုင့်ဝင်ခြင်း၊ ခံတွင်း/လျှာနှင့်နှုတ်ခမ်းများ ခြောက်ခြင်း၊ ကြွက်တင်ခြင်းနှင့် သတိလစ်ခြင်းတို့ ဖြစ်ပွားတတ်ကြောင်း အသိပေးထားထားပါတယ်။ ဒါကြောင့် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက အချိန်မီကုသမှု မခံယူလျှင် အသက်ဆုံးရှုံး နိုင်သည်အထိ ဖြစ်ပွားနိုင်တာကြောင့် နီးစပ်ရာဆေးရုံ/ဆေးခန်းနှင့် ကျန်းမာရေးဌာနများသို့ သွားရောက်၍ ကုသမှု များခံယူရမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။ (NVS 004 )

25 Jun

ADVERTISE HERE .