“မကွေးရှိ ဆည်၊ ကန်၊ တမံများ၏ ရေသိုလှောင်ထားမှု ကြံ့ခိုင်ကောင်းမွန်လျက်ရှိကြောင်း အသိပေးထုတ်ပြန်”
25 Jun
မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆည်၊ကန်၊ တမံများရဲ့ရေသိုလှောင်ထားမှုမှာ ကြံ့ခိုင်ကောင်းမွန်လျက်ရှိတယ် လို့ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက ဇွန်လ ၂၄ ရက်က အသိပေးထားပါတယ်။ ဇွန်လ ၂၄ ရက် နံနက် ၆ နာရီအချိန်အထိ အဆိုပါဆည်၊ ကန်နှင့် တမံများ၏ ရေသိုလှောင်ထားမှု အခြေအနေ အပါအဝင် တမံနှင့် ဆက်စပ်ရေအားအဆောက်အအုံများကောင်းမွန်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ဆည်၊ ကန် နှင့် တမံ စုစုပေါင်း ၅၇ ခု ရှိကာ၊ လက်ရှိအချိန်အထိ ရေပိုလွှဲမှ ရေကျော်တဲ့ တမံ ၈ ခုသာရှိသေးကြောင်း အသိပေး ချက်တွင် ဖော်ပြထားပါတယ်။ (NVS 004 )
25 Jun