“နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကိုလစဉ်ကျန်းမာရေးစောင့်ရှောက်မှုနှင့်အခမဲ့ဆေးဝါးတစ်လစာ ထောက်ပံ့ပေးအပ်”
25 Jun
နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် လစဉ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခမဲ့ဆေးဝါးများ တစ်လစာ ထောက်ပံ့ပေးအပ်ခြင်းကို ပင်စင်လစာထုတ်ရက်များတွင် မြန်မာ့စီးပွားရေးဘဏ်များမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အခုလိုဆောင်ရွက်ပေးရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၁) ကြိမ်မြောက်အဖြစ် လူနာ တစ်ဦးကို အခမဲ့ဆေးဝါး ၁ လစာလစဉ်ထောက်ပံ့ပေးခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်း၊ အခြေခံစားသုံးကုန်များ သက်သာ သောနှုန်းထားနဲ့ ရောင်းချပေးခြင်းများကို တိုင်းဒေသကြီးနေရာအနှံအပြားမှာ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ပဲခူးတိုင်းဒေသကြီးမြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်က သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများကို စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါတယ်။ (NVS 004 )