“မာတင်နယ်လီ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘိုင်ယန်မြူးနစ်အသင်း”

24 Jun

ဘိုင်ယန်မြူးနစ်အသင်းက အာဆင်နယ်အသင်းရဲ့ ဘရာဇီးလ်တောင်ပံကစားသမား မာတင်နယ်လီ ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ဂျာမန်တောင်ပံကစားသမား နာဇရီ ကို ဆုံးရှုံးထားတာကြောင့် မာတင်နယ်လီ ကို ခေါ်ယူအစားထိုးဖို့ ဆန္ဒရှိနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ မာတင်နယ်လီ က ၂၀၁၉ ခုနှစ်ကတည်းက အာဆင်နယ် အသင်းမှာ ကစားလာသူဖြစ်ပေမဲ့ ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် ဒီထက်ပိုမိုတိုးတက်ဖို့လိုအပ်တယ်လို့ နည်းပြ အာတီတာ က သတိပေးထားပါတယ်။ ဒါ့အပြင် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးရပါက ရောင်းထုတ်ဖို့ စီစဉ်ထားတဲ့ ကစားသမားတစ်ဦး ဖြစ်တယ် လို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက မာတင်နယ်လီ အပြင် လီဗာပူးလ်အသင်းက ဂတ်ပို နဲ့ လူးဝစ်ဒီယက်ဇ် တို့ကိုလည်း ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ (NVS 008)

24 Jun

ADVERTISE HERE .