“PSV အသင်းရဲ့ အာဂျင်တီးနားဂိုးသမား ဘင်နီတက်ဇ် ကို ခေါ်ယူခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်း”
24 Jun
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ PSV အသင်းက အာဂျင်တီးနားဂိုးသမား ဝေါ်လ်တာဘင်နီတက်ဇ်ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘင်နီတက်ဇ် ဟာ PSV အသင်းနဲ့ စာချုပ်သက်တမ်းပြည့်မယ့် ဇူလိုင်လ ၁ ရက်မှာ ပဲလေ့စ်အသင်းထံ တရားဝင်ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။ ဘင်နီတက်ဇ် က PSV အသင်းကို ချန်ပီယံဖြစ်အောင် အကောင်းဆုံးလက်စွမ်းပြကာကွယ်နိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ပွဲစဉ် ၁၂ ပွဲမှာလည်း ၁၁ ပွဲအထိ ပါဝင် ကစားခွင့်ရခဲ့ပါတယ်။ ဘင်နီတက်ဇ် ဟာ ၂၀၂၄ ခုနှစ် မတ်လမှစတင်ကာ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ကိုယ်စားပြု ကစားခဲ့တာ ဖြစ်ပါတယ်။ (NVS 008
24 Jun