“နီပေါနိုင်ငံက မဟာမုနိဘုရားကြီးအား ပြန်လည်ပြုပြင်နေတဲ့ကဏ္ဍများမှာ ပူးပေါင်းပါဝင်ရန်ဆွေးနွေး”
24 Jun
မန္တလေးငလျင်ကြီးဒဏ်သင့် မဟာမုနိဘုရားကြီးပြန်လည်ပြုပြင်နေသည့်ကဏ္ဍများ၌ နီပေါနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး H.E. Mr. Harishchandra Ghimire တို့ဆွေးနွေးခဲ့ကြပါတယ်။ မန္တလေးတိုင်းဝန်ကြီးချုပ်က နီပေါနိုင်ငံသံအမတ်ကြီးအား ဇွန်လ ၂၃ ရက်နံနက်ပိုင်းက တိုင်းအစိုးရအဖွဲ့ရုံး၌ လက်ခံတွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဥ် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ မဟာမုနိဘုရားကြီး နှင့်သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်နေတဲ့ကဏ္ဍများမှာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြ တဲ့အပြင် မြန်မာ-နီပေါနှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုဆက်ဆံရေးပိုမိုတိုးမြှင့်ရေး၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်လည်း ဆွေးနွေးခဲ့ကြပါတယ်။ (NVS 003)