"မကွေးတိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို အခမဲ့ဆေးကုသပေးနေ"
24 Jun
ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ မကွေးတိုင်းဒေသကြီးအတွင်းက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းတွေကို အခမဲ့ဆေးကုသပေးတဲ့အပြင် ဆန်၊ဆီတွေကို သက်သာတဲ့ဈေးနှုန်းတွေနဲ့ ရောင်းချပေးနေတယ်လို့ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။ မကွေးမြို့နယ်အတွင်းက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းတွေကို ဇွန်လ ၂၃ ရက်က စတင်ပြီး မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာတွေ ထုတ်ယူချိန် အခမဲ့ဆေးကုသပေးတာနဲ့ ဆန်၊ ဆီတွေကို သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချ ပေးခြင်းများ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ မကွေးမြို့မှာ လစဉ်အငြိမ်စား နိုင်ငံ့ဝန်ထမ်း ၁၅၀ ဝန်းကျင်ခန့်ကို ခွဲစိတ်၊ သွားကျန်းမာရေး၊ အထွေထွေနဲ့ မျက်စိအထူးကုဆရာဝန်ကြီးတွေ ပါဝင်တဲ့ အုပ်စုလေးစုနဲ့ ပြည်သူ့ဆေးရုံကြီးတွေမှာ အခမဲ့ကုသပေးနေတာ ဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မြင့်ဦး က ပြောကြားခဲ့ပါတယ်။ အခမဲ့ ဆေးကုသပေးတာနဲ့ သက်သာဈေးနှုန်းနဲ့ ရောင်းချပေးတာကို ဇွန်လ ၂၃ ရက်ကနေ ၃၀ ရက်အထိ ဆောင်ရွက်ပေးနေပြီး အငြိမ်းစားနိုင်ငံ့ဝန်ထမ်းတစ်ယောက်ကို ဆန် ၃ ပြည်နဲ့ ဆီတစ်ပိဿာစီ ရောင်းချ ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ (NVS 003)