Special Report

24 Jun

“အစ္စရေး- အီရန် အပစ်ရပ်ရန် သဘောတူညီချက် ရပြီလို့ ဒေါ်နယ်ထရမ့်က Truth Social ပေါ်က သူ့ကိုယ်ပိုင် အကောင့်က ရေးသားဖေါ်ပြ” ၂၄-၆-၂၀၂၅ NVS 007 အမေရိကန်သမ္မတရဲ့ Truth Media ပေါ် ရေးသား ဖော်ပြရာမှာ- “အားလုံးကို ဂုဏ်ပြုအပ်ပါသည် အစ္စရေးနှင့် အီရန်နိုင်ငံတို့သည် “အပြည့်အဝနှင့် လုံးဝအပစ်အခတ်ရပ်စဲရေး (Complete and Total CEASEFIRE)” ကို သဘောတူညီခဲ့ကြပြီဖြစ်သည်။ (ယခုမှစ၍ ၆ နာရီအတွင်း နှစ်နိုင်ငံစလုံးသည် ၎င်းတို့၏ လက်ရှိစစ်ဆင်ရေးများကို အဆုံးသတ်သွားမည်ဖြစ်ပြီး) “၁၂ နာရီကြာ အပစ်အခတ်ရပ်စဲမည်”။ ထိုအချိန်တွင် ဤစစ်ပွဲကို “အဆုံးသတ်ပြီ” ဟု သတ်မှတ်မည်ဖြစ်သည်။ တရားဝင်အစီအစဉ်မှာ- - အီရန်ဘက်က ပထမဆုံး အပစ်အခတ်ရပ်စဲမည်။ - ၁၂ နာရီပြည့်သောအခါ အစ္စရေးဘက်ကလည်း အပစ်အခတ်ရပ်စဲမည်။ - ၂၄ နာရီပြည့်သောအခါ "၁၂ ရက်တာ စစ်ပွဲ" (THE 12 DAY WAR)၏ တရားဝင်အဆုံးသတ်မှုကို ကမ္ဘာက ဂုဏ်ပြုကြိုဆိုမည်။ အပစ်အခတ်ရပ်စဲချိန်အတွင်း နှစ် ဖက်စလုံးသည် အေးချမ်းစွာနှင့် အပြန်အလှန်လေးစားမှုဖြင့် ဆက်ဆံကြမည်ဖြစ်သည်။ အရာရာသည် မျှော်လင့်ထားသည့်အတိုင်း အောင်မြင်စွာ အဆင်ပြေသွားမည်ဖြစ်ပြီး၊ အစ္စရေးနှင့် အီရန် နိုင်ငံတို့အား ဤကဲ့သို့သော ရှည်လျားပြင်းထန်နိုင်သည့် စစ်ပွဲကို သည်းခံစိတ်၊ သတ္တိနှင့် ဉာဏ်ပညာဖြင့် အဆုံးသတ်နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုလိုက်ပါသည်။ ဤစစ်ပွဲသည် နှစ်ပေါင်းများစွာ ကြာမြင့်ကာ အရှေ့အလယ်ပိုင်းတစ်ခုလုံးကို ဖျက်ဆီးနိုင်ခဲ့သော်လည်း ယခုအခါ အဆုံးသတ်သွားပြီဖြစ်ပြီး၊ နောင်တွင်လည်း ထပ်မံမဖြစ်ပွါးတော့ပါ။ ဘုရားသခင်သည် အစ္စရေးကို ကောင်းချီးပေးပါစေ၊ အီရန်ကို ကောင်းချီးပေးပါစေ၊ အရှေ့အလယ်ပိုင်းဒေသကို ကောင်းချီးပေးပါစေ၊ အမေရိကန်ပြည်ထောင်စုကို ကောင်းချီးပေးပါစေ၊ ပြီးလျှင် ဘုရားသခင်သည် ဤကမ္ဘာကြီးကို ကောင်းချီးပေးပါစေ” လို့ ရေးသားဖော်ပြထားပါတယ်။

24 Jun

ADVERTISE HERE .