“တွမ်မီနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အယ်လ်ဟီလာအသင်း”
23 Jun
ဆော်ဒီကလပ် အယ်လ်ဟီလာအသင်း က နာပိုလီအသင်းရဲ့ကွင်းလယ်ကစားသမား တွမ်မီနေး ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် တွမ်မီနေး ဟာ ၂၀၂၄ နွေရာသီမှာ မန်ယူနိုက်တက်အသင်းကနေ ရောင်းထုတ်ခံ ခဲ့ရပေမဲ့ နာပိုလီအသင်းမှာ ခြေစွမ်းပြခဲ့တာကြောင့် အယ်လ်ဟီလာအသင်းက အလိုရှိနေတာ ဖြစ်ပါတယ်။ အယ်လ်ဟီလာအသင်းရဲ့ နည်းပြသစ်ဖြစ်တဲ့ ဆီမြွန်နီအင်ဇာဂီက အင်တာမီလန်မှာ ရှိစဉ်ကတည်းက တွမ်မီနေးရဲ့ ခြေစွမ်းကို သဘောကျခဲ့တာကြောင့် ခေါ်ယူဖို့ ကြိုးပမ်းနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အယ်လ်ဟီလာအသင်းက တွမ်မီနေး အတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေးပေးဖို့ အသင့်ဖြစ်နေပေမဲ့ နာပိုလီ အသင်းကလည်း ပိုပြီးတောင့်တင်းတဲ့အသင်းဖြစ်အောင် တည်ဆောက်ဖို့စီစဉ်နေတာကြောင့် တွမ်မီနေးကို လက်လွှတ်ဖွယ်မရှိဘူးလို့ သိရပါတယ်။ (NVS 008)
23 Jun