“နည်းပြရာထူးအတွက် ဆောက်ဂိတ်ရဲ့ ကမ်းလှမ်းမှုကို ပိုလန်ဘောလုံးအဖွဲ့ချုပ် ငြင်းပယ်”

23 Jun

ပိုလန်ဘောလုံးအဖွဲ့ချုပ်က နည်းပြရာထူးအတွက် ဆောက်ဂိတ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ ပိုလန်ဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင်အသင်းနည်းပြ ပရိုဘီယာ့ဇ် ရာထူးက နုတ်ထွက်သွားတာကြောင့် လက်ရှိအချိန်မှာ နည်းပြနေရာလစ်လပ်နေပြီး နည်းပြသစ် ရှာဖွေနေပါတယ်။ ဒါကြောင့် အင်္ဂလန်လက်ရွေးစင် နည်းပြ ဟောင်း ဆောက်ဂိတ် က ပိုလန်လက်ရွေးစင်အသင်းနည်းပြအဖြစ် ဆောင်ရွက်လိုကြောင်း ကမ်းလှမ်းခဲ့ပေမဲ့ ပိုလန် ဘောလုံးအဖွဲ့ချုပ်က ငြင်းပယ်ခဲ့ပါတယ်။ ငြင်းပယ်ရတဲ့အကြောင်းကတော့ နိုင်ငံခြားသား နည်းပြတွေအနေနဲ့ ပိုလန် အသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်စေရမယ်လို့ အာမခံချက်မပေးနိုင်တာကြောင့်လို့ ပိုလန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ကူလက်စ်ဇာက ဆိုပါတယ်။ (NVS 008)

23 Jun

ADVERTISE HERE .