“အယ်လ်ဂျီးရီးယားမှာ ပွဲကြည့်စင်အပေါ်ထပ်က ပြုတ်ကျတာကြောင့် ၃ ဦးသေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရ”

23 Jun

အယ်လ်ဂျီးရီးယားနိုင်ငံမှာ ဘောလုံးကွင်းပွဲကြည့်စင်အပေါ်ထပ်က ပြုတ်ကျတာကြောင့် ပရိသတ် ၃ ဦး သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အဆိုပါပွဲစဉ်မှာ MC Alger အသင်းက အယ်လ်ဂျီးရီးယားအမှတ်ပေးချန်ပီယံဆုကို ၂ နှစ်ဆက် ရရှိခဲ့တာကြောင့် အောင်ပွဲခံဖို့ တိုးဝှေ့ကြရင်း ပွဲကြည့်စင်အပေါ်ထပ်မှာ ကာရံထားတဲ့ အရံအတားတွေ ပြုတ်ထွက်ပြီး အောက်ကို ပြုတ်ကျခဲ့ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။ အယ်လ်ဂျီးရီးယားကျန်းမာရေးဝန်ကြီးဌာနက သေဆုံးသူ ၃ ဦးနဲ့ ဒဏ်ရာရသူ ၇၀ ကျော်ရှိကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ပြီး ဒဏ်ရာရရှိသူတွေကို ဆေးရုံ ၃ ခုမှာ ကုသပေးနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။ MC Alger အသင်းကလည်း ဘောလုံးသမားတွေနဲ့ ဝန်ထမ်းတွေက အဆိုပါဆေးရုံတွေကို လိုက်ပါပြီး သွေးလှူဒါန်းမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ အယ်လ်ဂျီးရီးယားသမ္မတကလည်း အဆိုပါဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်းနဲ့ ဒဏ်ရာရရှိသူတွေ အမြန်ဆုံးသက်သာပျောက်ကင်းစေလိုကြောင်း ဆုတောင်းစကားပြောဆိုခဲ့ပါတယ်။ (NVS 008)

23 Jun

ADVERTISE HERE .