“ဆန်ချို ကို ခေါ်ယူဖို့ စုံစမ်းမှုတွေ လုပ်ဆောင်နေတဲ့ ဖီနာဘာချီအသင်း”
23 Jun
တူရကီထိပ်သီးကလပ် ဖီနာဘာချီအသင်း က မန်ယူနိုက်တက်အသင်းရဲ့ အင်္ဂလန်တောင်ပံကစားသမား ဆန်ချို ကို ခေါ်ယူဖို့ ဆက်သွယ်စုံစမ်းနေတယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ဆန်ချို ဟာ မန်ယူနိုက်တက်နည်းပြဟောင်း တန်ဟက်ဂ် နဲ့ ဆက်ဆံရေးအဆင်မပြေ ဖြစ်ခဲ့တာကြောင့် အသင်းမှာ နေရာပျောက်ခဲ့ရသူဖြစ်ပြီး လက်ရှိနည်းပြ အာမိုရင်မ် ကလည်း သူ့ကို နေရာပေးလိုခြင်း မရှိပါဘူး။ ဒါကြောင့် ဆန်ချိုက ပုံမှန်ပွဲထွက်ကစားခွင့်ရမယ့်အသင်းကို ရှာဖွေနေပြီး သူ့ကို ခေါ်ယူဖို့ နာပိုလီနဲ့ ဂျူဗင်တပ်စ်တို့က စိတ်ဝင်စားနေကြောင်း သတင်းများထွက်ခဲ့ပါတယ်။ ဒါပေမယ့် မြင့်မားတဲ့လစာနှုန်းထား ပေးချေရ မှာကြောင့် ထိထိရောက်ရောက်ကြိုးပမ်းမှု မရှိတဲ့အချိန်မှာ ဖီနာဘာချီအသင်းက စုံစမ်းမှုတွေ ပြုလုပ်လာခဲ့တာပဲ ဖြစ်ပါ တယ်။ နာမည်ကျော်နည်းပြ မော်ရင်ဟို ကိုင်တွယ်နေတဲ့ ဖီနာဘာချီအသင်းက ဆန်ချို လိုချင်တဲ့ လစာပမာဏကို ပေးချေဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။ (NVS 008)