“Queen’s Cup တင်းနစ်အကြိုဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဗြိတိန်နံပါတ် (၁) ကစားသမား ဂျက်ဒရက်ပါ”
23 Jun
လန်ဒန်မြို့ Queen’s Club မှာ ကျင်းပနေတဲ့ Queen’s Club Championship တင်းနစ်ပြိုင်ပွဲမှာ ဗြိတိန်နံပါတ် (၁)တင်းနစ်သမား ဂျက်ဒရက်ပါ ဟာ ချက်သမ္မတနိုင်ငံ တင်းနစ်သမား လီချက်ကာ ကို အကြိုဗိုလ်လုပွဲမှာ ရှုံးနိမ့် သွားခဲ့ပါတယ်။ ဂျက်ဒရက်ပါ ဟာ အာသီးရောင်ရောဂါဝေဒနာကို ခံစားနေရတာကြောင့် အဆိုပါပွဲစဉ်မှာ ရုန်းကန်နေခဲ့ရပြီး ချက်တင်းနစ်သမား လီချက်ကာ ကို ၆-၄၊ ၄-၆၊ ၇-၅ နဲ့ ရှုံးနိမ့်သွားခဲ့ရတာ ဖြစ်ပါတယ်။ မြေစေးကွင်းတွေနဲ့ကျင်းပတဲ့ French Open ပြိုင်ပွဲ ပြီးတဲ့နောက် တစ်ပတ်အကြာမှာ Queen’s Club Championship ကို မြက်ခင်းကွင်းတွေမှာ ကျင်းပတာဖြစ်ပြီး Wimbledon ပြိုင်ပွဲ မစတင်မီတစ်ပတ်အလိုမှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ (NVS 008)
23 Jun