“ယခုတစ်ပတ်အတွင်း ရောင်းချရမည့် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ထပ်မံကျဆင်း”

23 Jun

ယခုတစ်ပတ်တာကာလဖြစ်တဲ့ ဇွန်လ ၂၃ ရက်မှ ၂၉ ရက်အတွင်း ရောင်းချရမယ့် စားအုန်းဆီ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာကို ၆,၀၈၀ ကျပ်ဖြစ်ကြောင်း စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားပါတယ်။ စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့တဲ့ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ မြန်မာနိုင်ငံသို့ CIF စနစ်အရ တင်သွင်းနေတဲ့ စားအုန်းဆီတစ်တန်ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဆက်တိုက်ကျဆင်းလာခဲ့သလို ပြီးခဲ့သည့် တစ်ပတ်တာကာအတွင်း ရောင်းချခဲ့သည့် ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၆,၁၁၀ ဖြစ်ပေါ်ခဲ့သဖြင့် ယခုတစ်ပတ်တွင် ၃၀ ကျပ်မျှ ကျဆင်းခဲ့ခြင်းပါတယ်။ ထုတ်ပြန်ကြေညာထားတဲ့ စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက် နဲ့ သိုလှောင်ခြင်းအပါအဝင် မသမာတဲ့ လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် အသိပေးထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း စားအုန်းဆီများကို ဖုန်းဆက်မှာယူနိုင်သည်ဟုသိရပြီး မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း Facebook Page မှာ ခရိုင်နှင့်မြို့နယ်အလိုက် မှာယူနိုင်မည့် ဖုန်းနံပါတ် များကို ဖော်ပြထားသလို ဖုန်း 01-4705566/ 09-771002722/ 01-4706722 တို့ကိုလည်း ဆက်သွယ်မှာယူနိုင်ပါတယ်။ (NVS 004)

23 Jun

ADVERTISE HERE .