“မန္တလေးမြို့မှာ ရေဘေးအတွက် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်”

23 Jun

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ကမ်းနားလမ်း ၂၂ နှင့် ၂၆ လမ်းကြားရှိ ဧရာဝတီရှုခင်းသာ၌ ဇွန်လ ၂၂ရက် က ရေဘေးအတွက် သဏ္ဍာန်တူ ဇာတ်တို-က်လေ့ကျင့်မှုအခမ်းအနားတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါလေ့ကျင့်မှုကို မန္တလေးတိုင်းမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ လေ့ကျင့်မှု များပြုလုပ်ခြင်းဖြစ်ကာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ ၁၂ ခုကို စစ်ဆေးခြင်း၊ ခင်းကျင်းပြသထားသော ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် ယာဉ်/စက် ယန္တရားများအားစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါတယ်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် တာဝန်ရှိသူများတိုင်းဒေသကြီး၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မန္တလေးခရိုင်အတွင်းရှိ သန္ဓေ/ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြကြောင်း သိရပါတယ်။ အဲဒီနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် က မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များကို တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီးနောက် ဂုဏ်ပြုငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)

23 Jun

ADVERTISE HERE .