“ပြည်တွင်းခရီးသွားများအကြား ဘားအံမြို့သို့ လည်ပတ်သူများပြား”
23 Jun
မိုးရာသီကာလမှာ ပြည်တွင်းခရီးသွားများအကြား ကရင်ပြည်နယ်၊ ဘားအံမြို့သို့ သွားရောက်လည်ပတ်ရန် စိတ်ဝင်စားသူများလာခဲ့ပါတယ်။ မိုးရာသီ ဘားအံမြို့ရဲ့ အလှအပဓာတ်ပုံများက လူမှုကွန်ယက်အသုံးပြုသူများကြား မျှဝေမှုများ ပိုမိုများပြားလာလျက်ရှိနေပါတယ်။ ဒါကြောင့်ဘားအံမြို့သို့ ခရီးစဉ်စီစဉ်ပေးရမှု များပြားလာခြင်းဖြစ်ကြောင်း ခရီးသွားအေဂျင်စီများကနေ သိရပါတယ်။ ပြည်တွင်းခရီးသွားများအကြား ဘားအံမြို့ရှိ ဇွဲကပင်တောင်၊ ကြာအင်းတောင်၊ တောင်ဝိုင်း တက်ကြတဲ့ ခရီးသွားများလည်း ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘားအံမြို့ရှိ ထွန့်ပတိုင်၊ ဆဒ္ဒန်ဂူ၊ လွန်းညရေပြာအိုင်၊ နောင်ခလှိုင်ရေပြာအိုင်၊ ကျောက်ကလပ်စေတီ၊ နောင်လုံတောင်ကြားလမ်းတို့သည်လည်း ပြည်တွင်းခရီးသွားများ အကြားလည်ပတ်ရန် သဘောတွေ့နေကြပါတယ်။ (NVS 004)
23 Jun