“ဧရာဝတီမြစ်ဆုံအထက်ပိုင်းတွင် မိုးကောင်းနေတာကြောင့် မြစ်ကြီးနားမြစ်ရေ ဆက်လက်မြင့်တက်မည်”

23 Jun

ဧရာဝတီမြစ်ဆုံအထက်ပိုင်းမှာ မိုးရွာသွန်းမှုအားကောင်းနေခြင်းကြောင့် မြစ်ကြီးနားမြစ်ရေမှာ ယခုရက်ပိုင်း အတွင်း ဆက်လက်မြင့်တက်လာဖွယ်ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနကနေ သိရပါတယ်။ မြစ်ကြီးနားမြို့မြစ်ရေသည် ဇွန်လ ၂၂ ရက် နံနက်ပိုင်းအချိန်အထိ ၁၀ ပေခွဲကျော်မြင့်တက်လာခဲ့ပြီး၊ လက်ရှိ စိုးရိမ်ရေ မှတ်သို့ရောက်ရှိရန် ၁၅ ပေခန့်အလိုမှာ ရှိနေကြောင်း သိရပါတယ်။ ဒါ့အပြင် ဇွန်လ ၂၃ ရက် နံနက် ၆ နာရီ အထိ ၁၀ လက်မခန့် မြင့်တက်လာကြောင်း သိရပါတယ်။ အလားတူ ချင်းတွင်းမြစ်ရိုး တလျှောက် ဟုမ္မလင်း မြို့တစ်မြို့တည်းသာ စိုးရိမ်ရေအမှတ်သို့ရောက်ရှိနိုင်ပြီး ကျန်မြို့များအားလုံးမှာ စိုးရိမ်ရေ အမှတ်အောက်မှာသာ ဆက်လက်တည်ရှိနေပါတယ်။ လတ်တလော ချင်းတွင်းမြစ်အထက်ပိုင်းမှာ မိုးရွာသွန်းမှု အားကောင်းနေခဲ့ပြီး ခန္တီးမြို့မြစ်ရေက တစ်ရှိန်ထိုးမြင့်တက်လာတဲ့အတွက် ချင်းတွင်းမြစ်ရိုးတလျှောက် မြို့များ အားလုံးမှာ မြစ်ရေများမြို့အစဉ်လိုက် ပြန်တက်လာမယ်လို့ သိရပါတယ်။ (NVS 004)

23 Jun

ADVERTISE HERE .