ပီလီ ရဲ့ အလွတ်တည်ကန်ဘောစံချိန်ကို လိုက်မီနိုင်ရန် နှစ်ကြိမ်သာလိုအပ်တဲ့ မက်ဆီ

22 Jun

အင်တာမိုင်ယာမီအသင်း ဝါရင့်တိုက်စစ်ကစားသမား မက်ဆီ ဟာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် အင်တာမိုင်ယာမီနဲ့ ပေါ်တိုအသင်းတို့ပွဲစဉ်မှာ အလွတ်တည်ကန်ဘောမှတစ်ဆင့် အသင်းအတွက် သွင်းဂိုး တစ်ဂိုးသွင်းယူနိုင်ပြီးနောက် ဘောလုံးလောကတွင် အလွတ်တည်ကန်ဘောမှတစ်ဆင့် သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင် ပီလီ ရဲ့စံချိန်ကို လိုက်မီနိုင်ရန် နှစ်ကြိမ်သာလိုအပ်ကြောင်း သိရပါတယ်။ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် အင်တာမိုင်ယာမီအသင်းက ပေါ်တိုအသင်းကို ၂ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိသောပွဲစဉ်၌ မက်ဆီက ပွဲချိန် ၅၄ မိနစ်တွင် အလွတ်တည်ကန်ဘောမှတစ်ဆင့် အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ မက်ဆီ က ပရော်ဖက်ရှင်နယ်ကစားသမားဘဝတွင် အလွတ်တည်ကန်ဘော မှတစ်ဆင့် ဂိုးသွင်းယူနိုင်သည့်အကြိမ်ရေ ၆၈ ကြိမ်ရှိလာပြီး ပီလီ ရဲ့ အလွတ်တည်ကန်ဘောမှတစ်ဆင့် ဂိုးသွင်းယူ နိုင်ခဲ့တဲ့စံချိန်ကို လိုက်မီနိုင်ရန် နှစ်ကြိမ်သာလိုအပ် နေတာဖြစ်ပါတယ်။ ဘောလုံးသမိုင်းတစ်လျှောက် အလွတ်တည်ကန်ဘောမှတစ်ဆင့် ဂိုးသွင်းယူနိုင်သည့်အကြိမ်ရေ အများဆုံး ကစားသမားအဖြစ် ဘရာဇီးအသင်းနှင့် လိုင်ယွန်အသင်း ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဂျူနင်ဟို က ၇၇ ကြိမ်ဖြင့် ထိပ်ဆုံး၌ရပ်တည်နေပြီး ၎င်း၏နောက်တွင် ပီလီက အကြိမ် ၇၀ ဖြင့် ဒုတိယနေရာ၌ ရပ်တည်နေကာ မက်ဆီ က တတိယနေရာ၌ ရပ်တည်နေတာဖြစ်ပါတယ်။(NVS 008)

22 Jun

ADVERTISE HERE .