နယူးကာဆယ်အသင်းက ရက်ရှ်ဖို့ဒ် ကို အငှားစာချုပ်ဖြင့် ခေါ်ယူရန်ပြင်ဆင်
22 Jun
နယူးကာဆယ်အသင်းက ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ရန်ကြိုးပမ်းနေသည့် မန်ယူအသင်းမှ တိုက်စစ် ကစားသမား ရက်ရှ်ဖို့ဒ် ကို အငှားစာချုပ်ဖြင့် ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရပါတယ်။ မန်ယူအသင်းကို နည်းပြ အာမိုရင် တာဝန်ယူကိုင်တွယ်ခဲ့ပြီးနောက် ရက်ရှ်ဖို့ဒ် အနေနဲ့ အသင်းတွင်ကစားခွင့် မရရှိခဲ့လို့ ပြီးခဲ့တဲ့ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလက အေဗီလာအသင်းတွင် ရာသီဝက်အငှား စာချုပ်ဖြင့် သွားရောက်ကစားခဲ့ခြင်းဖြစ်ပါတယ်။ အေဗီလာအသင်းက ရက်ရှ်ဖို့ဒ် ကို အငှားစာချုပ်ဖြင့်ခေါ်ယူရာတွင် အပြီးသတ်ဝယ်ယူခွင့် ပါရှိခဲ့သော်လည်း အေဗီလာအသင်းက ခေါ်ယူလိုခြင်းမရှိတဲ့အတွက် မန်ယူအသင်းနှင့် ပြန်လည် ပူးပေါင်းရတာဖြစ်ပါတယ်။ လက်ရှိတွင် ရက်ရှ်ဖို့ဒ် အနေနဲ့ စပိန်နိုင်ငံသို့သွားရောက်ကာ လေ့ကျင့်မှုများလုပ်ဆောင်နေပြီး ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့ကစားရန် ကြိုးပမ်းနေသော်လည်း ဘာစီလိုနာအသင်းက အသင်းဘဏ္ဍာရေး အကျပ်အတည်း ကြောင့် တရားဝင်ကမ်းလှမ်းမှုမရှိသေးတာ ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းက လာမည့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကိုပါ ကစားရမှာဖြစ်လို့ ကစားသမား အင်အား တောင့်တင်းမှုရှိစေရန် ရက်ရှ်ဖို့ဒ် ကို ကနဦး တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူလိုနေခြင်းဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ် ကိုယ်တိုင်ကလည်း အင်္ဂလန်အသင်းနှင့်အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင် ကစားလို တဲ့အတွက် လာမည့်ဘောလုံးရာသီတွင် ပွဲထွက်ကစားခွင့်ရရှိမည့် အသင်းတစ်သင်းသို့ ပြောင်းရွှေ့ကစား လိုနေသောဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့မည့်အစီအစဉ် မအောင်မြင်ပါက နယူးကာဆယ် အသင်းသို့သာ ပြောင်းရွှေ့ကစားဖွယ်ရှိနေကြောင်း သိရပါတယ်။(NVS 008)