တိုက်စစ်မှူး အစ်ဆက် ကို စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန် အသင့်ရှိကြောင်း နည်းပြ အာနီစလော့ ပြောကြား

22 Jun

လီဗာပူးအသင်းနည်းပြ အာနီ စလော့ က လေဗာကူဆင်အသင်းမှ တောင်ပံတိုက်စစ်ကစားသမား ဖလိုရီယန်ဝစ် ကို စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့ပြီးနောက် နယူးကာဆယ်အသင်း တိုက်စစ်မှူး အစ်ဆက် ကိုလည်း စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ထပ်မံခေါ်ယူရန် အသင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ လီဗာပူးအသင်းက လက်ရှိနွေရာသီ အပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်ခေါ်ယူမှုများ ပြုလုပ် လျက်ရှိရာ လေဗာကူဆင်အသင်းမှ ခံစစ်ကစားသမား ဖရင်ပေါင်နှင့် တောင်ပံတိုက်စစ်ကစားသမား ဖလိုရီယန်ဝစ် တို့ကို ခေါ်ယူခဲ့တဲ့အပြင် နယူးကာ ဆယ်အသင်းတိုက်စစ်မှူး အစ်ဆက် ကိုလည်း စတာလင်ပေါင် သန်း ၁၀၀ ကျော် ဖြင့် ကမ်းလှမ်းခဲ့ရာ နယူးကာဆယ်အသင်း တာဝန်ရှိသူများက ကစားသမားအတွက် စတာလင်ပေါင် သန်း ၁၂၀ ထိ အလိုရှိနေကြောင်း သိရပါတယ်။ နည်းပြစလော့က အစ်ဆက် ကိုခေါ်ယူရန် လက်မလျှော့သေးဘဲ ကစားသမားအတွက် ပြောင်းရွှေ့ကြေး စတာ လင်ပေါင် သန်း ၁၀၀ အပြင် အပိုဆုကြေးပါ ပေးချေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန်အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ တိုက်စစ်မှူး အစ်ဆက် အနေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီက နယူးကာဆယ်အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၂၇ ဂိုး သွင်းယူနိုင်ခဲ့ပြီး အမှတ်ပေးပြိုင်ပွဲတွင် သွင်းဂိုး ၂၃ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ၂၀၀၁-၂၀၀၂ ဘောလုံးရာသီတွင် တိုက်စစ်မှူးဟောင်း အလန်ရှီးယား သွင်းယူနိုင်ခဲ့တဲ့ တစ်ရာသီဂိုးသွင်းအများဆုံးစံချိန်ကို လိုက်မီခဲ့လို့ ထိပ်သီး အသင်းများက ၎င်းကိုခေါ်ယူရန် အပြိုင်ကြိုးပမ်းလျက်ရှိနေပါတယ်။(NVS 008)

22 Jun

ADVERTISE HERE .