ပိုလန်အသင်းက လစ်လပ်နေသည့် နည်းပြရာထူးအတွက် အင်္ဂလန်အသင်းနည်းပြဟောင်း ဆောက်ဂိတ်ကို ခန့်အပ်ရန်စီစဉ်

22 Jun

ပိုလန်နိုင်ငံဘောလုံးအဖွဲ့ချုပ်က လစ်လပ်နေတဲ့ ပိုလန်အသင်း နည်းပြသစ်ရာထူးအတွက် အင်္ဂလန်အသင်း နည်းပြဟောင်း ဆောက်ဂိတ် ကိုခန့်အပ်ရန် ကြိုးပမ်းလျက်ရှိနေကြောင်း သိရပါတယ်။ ပိုလန်အသင်းနည်းပြ ပရိုဘီယာ့ဇ် က အသင်းခေါင်းဆောင် ရာထူးအပြောင်းအလဲ လုပ်ဆောင်ခဲ့ပြီးနောက် ဝါရင့်ကစားသမား လီဝမ်ဒေါစကီးနှင့် ဆက်ဆံရေးတင်းမာမှုများ ဖြစ်ပွားခဲ့ပါတယ်။ လီဝမ်ဒေါစကီး က ပိုလန် အသင်းကို နည်းပြ ပရိုဘီယာ့ဇ် တာဝန်ယူကိုင်တွယ်သည့် ကာလတစ်လျှောက် ပိုလန်အသင်းအတွက် ကစားပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီးနောက်တွင် အသင်းနည်းပြက ပိုလန်အသင်း နုတ်ထွက်သွားခဲ့ပါတယ်။ နည်းပြ ဆောက်ဂိတ် အနေနဲ့ အင်္ဂလန်အသင်းကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က တာဝန်ယူကိုင်တွယ်ခဲ့ပြီး အသင်းကို ယူရိုပြိုင်ပွဲတွင် ဗိုလ်လုပွဲနှစ်ကြိမ်တက်ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း နှစ်ကြိမ်စလုံး ဒုတိယဆု ဖြင့်သာ ကျေနပ်ခဲ့ရကာ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးတွင် အသင်းမှထွက်ခွာခဲ့ပြီး လက်ရှိအချိန်ထိ မည်သည့်အသင်းကိုမျှ တာဝန်ယူကိုင်တွယ်ခြင်းမရှိသေးတာဖြစ်ပါတယ်။ ပိုလန်အသင်းက နည်းပြ ပရိုဘီယာ့ဇ် ရာထူးမှနုတ်ထွက်ခဲ့ပြီးနောက် လစ်လပ်နေသည့် အသင်းနည်းပြ ရာထူးအတွက် နည်းပြ ဆောက်ဂိတ် ကိုခေါ်ယူရန် စတင်ကြိုးပမ်းနေခြင်းဖြစ်ပြီး နည်းပြဆောက်ဂိတ် ကိုယ်တိုင်က လည်း ပိုလန်အသင်းကို တာဝန်ယူကိုင်တွယ်လိုနေတဲ့အတွက် ပိုလန်အသင်းနည်းပြအဖြစ် နည်းပြလောကသို့ ပြန်လည်ဝင်ရောက်ရန် နီးစပ်နေကြောင်း သိရပါတယ်။(NVS 008)

22 Jun

ADVERTISE HERE .