ဆိုင်မွန် ကို အပြီးသတ်ရောင်းချရန်ဆုံးဖြတ်ခဲ့တဲ့ လိုက်ပ်ဇစ်အသင်း
22 Jun
လိုက်ပ်ဇစ်အသင်းက အသင်းမှ ထွက်ခွာခွင့်တောင်းဆိုထားတဲ့ တိုက်စစ်ကစားသမား ဆိုင်မွန် ကို လက်ရှိ နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အပြီးသတ်ရောင်းချရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် ဆိုင်မွန် အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ပီအက်စ်ဂျီအသင်းမှ လိုက်ပ်ဇစ်အသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ကစားသမားအပြောင်းအရွှေ့ကာလက လိုက်ပ်ဇစ်အသင်းထံ အပြီးသတ်စာချုပ်ဖြင့် ပြောင်းရွှေ့ကစားခဲ့သော်လည်း လက်ရှိနွေရာသီ ကစားသမားအပြောင်း အရွှေ့ကာလတွင် အသင်းမှ ပြန်လည်ထွက်ခွာရန် တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။ လိုက်ပ်ဇစ်အသင်းက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဂျာမန်ဘွန်ဒက်လီဂါပြိုင်ပွဲတွင် အဆင့်(၇)နေရာ၌သာ ရပ်တည်နိုင်ခဲ့ပြီး ဥရောပအဆင့်ပြိုင်ပွဲများ ကစားခွင့်နှင့် လွဲချော်ခဲ့တဲ့အတွက် လက်ရှိနွေရာသီ ကစားသမားအပြောင်း အရွှေ့ကာလတွင် ထိပ်တန်းကစားသမားအချို့ကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးများဖြင့် ရောင်းချပြီး အသင်းဝင်ငွေ ရရှိရန် ကြိုးပမ်းသွားဖွယ်ရှိနေလို့ ဆိုင်မွန် ကိုလည်း သင့်တော်သည့်ပြောင်းရွှေ့ကြေးတစ်ရပ် ရရှိပါက ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)