ကျောက်မြောင်းမြို့နယ်တွင် မိုးသီးနှံ မြေပဲ ၆,၂၅၅ ဧကထိ စိုက်ပျိုးပြီးစီး

22 Jun

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ ၆,၂၅၅ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ကျောက်မြောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ကျောက်မြောင်းမြို့နယ်ခွဲတွင် မြေပဲ ၁၂,၈၆၇ ဧကစိုက်ပျိုးရန် လျာထားပြီး ယခုနှစ်မေလပထမပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ၆,၂၅၅ ဧကထိ စိုက်ပျိုးပြီးစီးခဲ့တာဖြစ်ပါတယ်။ မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနိုင်ရေး၊ ပိုးမွှားရောဂါကျရောက်မှု မရှိစေရေး၊ ပေါင်းမြက် ကင်းစင်စေရေး၊ လျာထားဧကများ ပြည့်မီစွာစိုက်ပျိုးနိုင်ရေးနှင့် တစ်ဧကထွက်နှုန်း ပြည့်မီစေရေးတို့အတွက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ခင်းများအတွင်းကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ မြေပဲကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက နိုင်ငံအတွင်း ဆီစားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်ပြီး ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးလာနိုင်မှာဖြစ်ပါတယ်။ (NVS 003)

22 Jun

ADVERTISE HERE .