၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာပေဟောပြောပွဲကျင်းပ

22 Jun

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းတို့က ကြီးမှူး ကျင်းပသော မြန်မာအမျိုးသမီးများနေ့အကြို “စာပေဟောပြောပွဲ” အခမ်းအနားကို ဇွန်လ ၂၀ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC) ၌ ကျင်းပခဲ့ပါတယ်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း(ဗဟို)ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းနာယကနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသ ကြီး/ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားတွင် ကမာရွတ်မြို့နယ် အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသူလေးများက ရတနာပုံအကဖြင့်ဖျော်ဖြေတင်ဆက်ပြီး စာပေပညာရှင် ဆရာမ မမိုးမြေ က “အတိတ်ခေတ် မြန်မာအမျိုးသမီး၏ ပုံရိပ်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသူလေး များက မလေးလက်ခတ်သံအကဖြင့် ဖျော်ဖြေတင်ဆက်ပြီး စာပေပညာရှင် ဒေါက်တာ နန္ဒဝင်း(ဆေး-၁)က “အနာဂတ်၏ ဖန်တီးရှင်မိခင်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာ့သိုင်းအဖွဲ့ချုပ်၊ ရန်ကုန်တိုင်း သိုင်းဆပ်ကော်မတီမှ အားကစားသမားများက သရုပ်ပြတင်ဆက်ကြပြီး စာပေပညာရှင် ဒေါက်တာ ခင်ဆွေမြင့် က “စာပေထဲက မိန်းမလှ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစားဆပ်ကော်မတီမှ Fitness Dance ဖြင့် ဖျော်ဖြေတင်ဆက်ပြီး စာပေပညာရှင် မြင်းမူ မောင်နိုင်မိုး က “ချစ်ခြင်းဖြင့်သာရှုမြင်ပါ" ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ကြပါတယ်။ ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသူလေးများက ဝေဇယန္တာ (အဆို၊ အတီး၊ အက)ဖြင့် ဖျော်ဖြေတင်ဆက်ပြီး မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်နှင့် တာဝန်ရှိသူများက ဟောပြောပေးခဲ့ကြသည့် စာပေပညာရှင်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြပြီး ဖျော်ဖြေတင်ဆက်ခဲ့ကြသူများအား ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းတို့မှ တာဝန်ရှိသူများက ဂုဏ်ပြု ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရပါတယ်။(NVS 003)

22 Jun

ADVERTISE HERE .