တရုတ်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေဘေးအန္တရာယ်ကြောင့် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရသူဦးရေ ၇ဝ,ဝဝဝ ကျော်ရှိနေ

21 Jun

တရုတ်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေဘေးအန္တရာယ်ကြောင့် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရသော ဒေသခံဦးရေ ၇၀,၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း တရုတ်အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားသည်။ ရေဘေးအန္တရာယ်ဖြင့် ရင်ဆိုင်ခဲ့ရသည့် ပြည်သူပေါင်း ၃၀၀,၀၀၀ ကျော်ထိရှိနေပြီး ကယ်ဆယ်ရေးဝန်ထမ်း အင်အား အမြောက်အမြားကို စေလွှတ်ပေးထားကြောင်း၊ ရေဘေးအန္တရာယ်ကြောင့် ဘေးလွတ်ရာရွှေ့ပြောင်း ခဲ့ရသည့် ပြည်သူများမှာ အန်ဟွေးပြည်နယ်၊ ဟုပေပြည်နယ်၊ ဟိုင်နန်ပြည်နယ်၊ ချုံချင့်ဒေသ၊ ကွေ့ကျိုးပြည်နယ် တို့မှဖြစ်ကြောင်း၊ တရုတ်အမျိုးသား မိုးလေဝသစင်တာကလည်း မိုးဆက်လက်ရွာသွန်းမည်ဖြစ်ပြီး မိုးရွာသွန်းမှုကို အဝါရောင်သတိပေးအဆင့် သတ်မှတ်ထားကြောင်း၊ သတိပေးအဆင့်မှာတရုတ် မိုးလေဝသဆိုင်ရာသတ်မှတ်ချက် အရ တတိယမြောက်အမြင့်ဆုံးဖြစ်ပြီး မိုးလေဝသပေါ်မူတည်၍ အဝါရောင်အဆင့်ထက်မြင့်သော လိမ္မော်ရောင် အဆင့်နှင့် အနီရောင်အဆင့်တို့သို့ ပြောင်းလဲသတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။

21 Jun

ADVERTISE HERE .