နည်းပြ စပယ်လက်တီ ကို တစ်နှစ်လုပ်အားခ ယူရို ၁၈ သန်းဖြင့် ကမ်းလှမ်းခဲ့တဲ့ အယ်လ်နာဆာအသင်း

20 Jun

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းက အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ရန် နည်းပြ စပယ်လက်တီ ကို တစ်နှစ်လုပ်အားခ ယူရို ၁၈ သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ အသက် ၆၆ နှစ်အရွယ် နည်းပြ စပယ်လက်တီ ဟာ နည်းပြဘဝသက်တမ်းတစ်လျှောက်တွင် အီတလီ လက်ရွေးစင်အသင်းအပြင် ရိုးမား၊ ဆမ်ဒိုးရီးယား၊ နာပိုလီ၊ အင်တာမီလန်၊ အမ်ပိုလီ စတဲ့ ကလပ်အသင်းများကို ကိုင်တွယ်ခဲ့ပြီး အတွေ့အကြုံရှိတဲ့ နည်းပြတစ်ဦးဖြစ်လို့ နည်းပြသစ်အဖြစ်ခန့်အပ်ရန် အယ်လ်နာဆာအသင်းက စီစဉ်လာခြင်းဖြစ်ပါတယ်။ နည်းပြ စပယ်လက်တီ ကလည်း လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေခြင်းကြောင့် အယ်လ်နာဆာအသင်းရဲ့ ကမ်းလှမ်းလာမှုကို လက်ခံစဉ်းစားသွားဖွယ်ရှိနေပါတယ်။(NVS 008)

20 Jun

ADVERTISE HERE .