ရီးရဲလ်မက်ဒရစ်အသင်းက ဂိုးသမား ကော်တိုရစ် ကို စာချုပ်သက်တမ်းတိုးရန်စီစဉ်
20 Jun
ရီးရဲလ်မက်ဒရစ်အသင်းက အသင်းဂိုးသမား ကော်တိုရစ် အား စာချုပ်သက်တမ်းတိုးရန် စီစဉ်လျက်ရှိနေ ကြောင်း သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် ဂိုးသမား ကော်တိုရစ် ကို လက်ရှိအချိန်မှာ ဥရောပကလပ် အသင်းများက ခေါ်ယူရန်စိတ်ဝင်စားနေခြင်းကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်လာခြင်းဖြစ်ပါတယ်။ ဂိုးသမား ကော်တိုရစ် အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းနှင့်အတူ ၂၀၁၈-၂၀၁၉ မှ ပြီးခဲ့တဲ့ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၂၈၂ ပွဲကစားပြီး လက်စွမ်းကောင်းတွေကို ပြသထားနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ထုတ်ပြန်ချက်မှာ ကော်တိုရစ် ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်နေပြီး သူဟာ အသင်းအတွက် ဂိုးသမားကောင်းတစ်ယောက်ဖြစ်ကြောင်းနဲ့ စာချုပ်ကိစ္စကလည်း မကြာမီရက်ပိုင်းအတွင်း အပြီးသတ်နိုင်တော့မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။(NVS 008)
20 Jun