ပရီးမီးယားလိဂ်ကလပ်များက ဆန်ချို အား ခေါ်ယူရန် အပြိုင်စိတ်ဝင်စား
20 Jun
မန်ယူအသင်း တောင်ပံတိုက်စစ်ကစားသမား ဆန်ချို ကိုခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ်အသင်းများက အပြိုင်စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် တောင်ပံကစားသမား ဆန်ချို ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ရာသီက မန်ယူအသင်းမှ ချဲလ်ဆီးအသင်းသို့ အငှားဖြင့် တစ်ရာသီ သွားရောက်ကစားခဲ့ပါတယ်။ သို့သော် ချဲလ်ဆီးအသင်းက ပြိုင်ပွဲစုံ ၄၁ ပွဲတွင် ငါးဂိုးသာသွင်းယူနိုင်ခဲ့လို့ ဆန်ချို ရဲ့ခြေစွမ်းကို နှစ်သက်ခြင်း မရှိလို့ အပြီးသတ်ခေါ်ယူခြင်းမရှိဘဲ လျော်ကြေးအဖြစ် ပေါင် ငါးသန်းပေးကာ မန်ယူအသင်းထံ ပြန်လည်စေလွှတ် ခဲ့ပါတယ်။ လက်ရှိတွင် ပရီးမီးယားလိဂ်ကလပ်များဖြစ်တဲ့ စပါး၊ အက်စတွန်ဗီလာနဲ့ နယူးကာဆယ်အသင်းတို့က ဆန်ချိုကို ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြကြောင်း သိရပါတယ်။ မန်ယူအသင်းက လစာများစွာ ပေးချေနေရတဲ့ ဆန်ချို ကို ပေါင် ၂၅ သန်း ဖြင့်သာ ရောင်းထုတ်ရန် စီစဉ်လျက်ရှိနေပါတယ်။(NVS 008)
20 Jun