“မင်းဘူးခရိုင်အတွင်း လျှပ်စစ်နှင့် ဆိုလာဓာတ်အားပေးစနစ် ရေတင်စီမံကိန်းများဖြင့် မိုးစပါး ၃,၉၀၉ ဧက စိုက်ပျိုးသွားမည်”
20 Jun
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ ဒေသခံတောင်သူများအနေနဲ့ လူမှုစီးပွားဘဝဘက်စုံ ဖွံ့ဖြိုး တိုးတက်စေရေး၊ သီးနှံစိုက်စွမ်းအားနှင့် သီးနှံအထွက်နှုန်းတိုးတက်မြင့်မားရေးတို့အတွက် လျှပ်စစ်နှင့် ဆိုလာ ဓာတ်အားစနစ်သုံး စီမံကိန်းတို့မှ မိုးစပါးဧက စုစုပေါင်း ၃,၉ဝ၉ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းမြစ်)မှ သိရပါတယ်။ မင်းဘူးခရိုင်အတွင်းရှိ ဒေသခံတောင်သူများက ဆည်ရေသောက်ဧရိယာနှင့် မိုးကောင်းသောက်ဧရိယာများ၊ အစိုးရဆည်တမံများ၊ လျှပ်စစ်ရေတင်စီမံကိန်းများ၊ မြေအောက်ရေ စုပ်တင်ခြင်းများ၊ မိုးကောင်းသောက်စနစ်များ စတဲ့ ရေရရှိရေးနည်းလမ်းများဖြင့် စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် လျှပ်စစ်ရေတင်စီမံကိန်းနှင့် ဆိုလာဓာတ်အားပေးစနစ် ရေတင်ခြင်းများဖြင့် မိုးစပါးများ စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ စိုက်ပျိုးရာတွင် ၂ဝ၂၅ ခုနှစ် စပါးစိုက်ပျိုးရာသီတွင် မိုးစပါးကို ၃,၉ဝ၉ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက် ခဲ့ပြီး ယခုနှစ် ဇွန်လ ၂၂ ရက်မှစတင်၍ ရေပေးဝေစိုက်ပျိုးသွားမှာဖြစ်ပါတယ်။ တညောင်လျှပ်စစ်ရေတင်စီမံကိန်းမှ ၁,၉၈၁ ဧက၊ ရေပုတ်ကလေး ဆိုလာဓာတ်အားပေးစနစ်စီမံကိန်းမှ ဧက ၁ဝဝ၊ ကျောင်းကုန်းကြီး ဆိုလာ ဓာတ်အားပေးစနစ် စီမံကိန်းမှ ဧက ၂၄၀၊ ရွာသာကြီး ဆိုလာဓာတ်အားပေးစနစ်စီမံကိန်းမှ ဧက ၅ဝဝ၊ ဘုရားကုန်း ဆိုလာ ဓာတ်အားပေးစနစ်စီမံကိန်းမှ ၈၂ ဧက၊ အောင်ပင်လယ် လျှပ်စစ်စီမံကိန်းမှ ၇၈ ဧက၊ ကျောက်စံ လျှပ်စစ်နှင့် ဆိုလာဓာတ်အားစနစ် စီမံကိန်းမှ ၅၂၅ ဧက၊ ကန်းနီ ဆိုလာဓာတ်အားပေးစနစ်ရေတင်စီမံကိန်းမှ ၄ဝ၃ ဧက၊ စုစုပေါင်း ၃,၉ဝ၉ ဧကအား လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)