“မင်္ဂလာမန္တလေးဝင်းအတွင်းရှိ Ocean Supercenter ပြန်လည်ဖွင့်လှစ်မည်”

20 Jun

မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် မင်္ဂလာမန္တလေးဝင်းအတွင်းရှိ Ocean Supercenter သည် အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး ယခုအခါမှာထိခိုက်မှုအချို့ကို ကျွမ်းကျင်အင်ဂျင်နီယာများဖြင့် စနစ်တကျ ပြန်လည်ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီးဖြစ်လို့ ဇွန်လ ၂ဝ ရက်တွင် ပြန်လည်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ အဆိုပါ Ocean Supercenter ကြီးအား မွမ်းမံပြင်ဆင်ရာတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့၏ လမ်းညွှန်ချက်များနှင့်အညီ ကျွမ်းကျင်အင်ဂျင်နီယာများဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်၊၊ ပြုပြင်မွမ်းမံမှုများကို ဦးစားပေးဆောင်ရွက်ခဲ့တဲ့ မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ ၁ဝ၂(အေ)လမ်း နှင့် ၁ဝ၇ လမ်းကြားရှိ မင်္ဂလာမန္တလေးဝင်းအတွင်း Multi-Story Car Park, Ground Floor & The Move Shopping Area ဆိုင်ခန်းများကို ဇွန်လ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး Ocean Supercenter ကြီးကို ဇွန်လ ၂၀ ရက်မှ စတင်၍ ပုံမှန်အတိုင်း ရောင်းချသွားမှာဖြစ်ပါတယ်။ (NVS-004)

20 Jun

ADVERTISE HERE .