“ဆော်ပေါ်လိုအသင်းကို ဒုတိယအကြိမ်အဖြစ်ထပ်မံကိုင်တွယ်မယ့် ခရက်စပို”

20 Jun

အာဂျင်တီးနားတိုက်စစ်မှူးဟောင်း ခရက်စပို ဟာ ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုအသင်း ကို ဒုတိယအကြိမ် ကိုင်တွယ်တော့မှာ ဖြစ်ပါတယ်။ ဆော်ပေါ်လိုအသင်းက ခရက်စပို ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာ ခဲ့ပါတယ်။ ခရက်စပို ဟာ ဆော်ပေါ်လိုအသင်းကို ၂၀၂၁ ခုနှစ်တုန်းက ပထမအကြိမ် ကိုင်တွယ်ခဲ့ဖူးပြီး ဆုဖလား ရယူပေးနိုင်ခဲ့တာကြောင့် ဆော်ပေါ်လိုအသင်းဥက္ကဋ္ဌက ပြန်လည်လက်တွဲဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ နည်းပြ ခရက်စပို က ဆော်ပေါ်လိုအသင်းနဲ့ လမ်းခွဲပြီးနောက်မှာ ကာတာကလပ်နဲ့ ယူအေအီးကလပ်တွေကို ကိုင်တွယ်ခဲ့ဖူးပြီး ယူအေအီးကလပ် အယ်လ်အိန်းအသင်းနဲ့ အာရှချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ပါတယ်။ အခု ဆော်ပေါ်လိုအသင်းက ခရက်စပို ကို ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

20 Jun

ADVERTISE HERE .