“ရပ်ရှ်ဖို့ဒ် ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ နယူးကာဆယ်အသင်း”
20 Jun
နယူးကာဆယ်အသင်းက မန်ယူအသင်းနဲ့ လမ်းခွဲဖို့ နီးစပ်နေတဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ် ကို ခေါ်ယူဖို့ ချိန်ရွယ်နေတယ်လို့ သိရပါတယ်။ အသက် ၂၇ နှစ်အရွယ် ရပ်ရှ်ဖို့ဒ် ဟာ မန်ယူအသင်းမှာ ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့် ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အက်စတွန်ဗီလာအသင်းထံ အငှားချခံခဲ့ပါတယ်။ ရာသီကုန်ချိန်မှာ ပေါင်သန်း ၄၀ နဲ့ အပြီးသတ်ခေါ်ယူနိုင်တဲ့ သဘောတူညီချက်ပါဝင်ခဲ့ပေမယ့် အက်စတွန်ဗီလာအသင်းက မခေါ်ယူခဲ့ပါဘူး။ ရပ်ရှ်ဖို့ဒ် ကို ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ အသင်းထဲမှာ ဘာစီလိုနာအသင်းလည်း ပါဝင်နေပြီး မန်ယူအသင်းက ဘာစီလိုနာနောက်ခံလူ အာရူဟို ကို မျက်စိကျနေတာကြောင့် ရပ်ရှ်ဖို့ဒ် နဲ့ အလဲအထပ်လုပ်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။ အခုအချိန်မှာတော့ နယူးကာဆယ်အသင်းက ရပ်ရှ်ဖို့ဒ် ကို ကမ်းလှမ်းမှုပြုလုပ်ဖို့ ကြိုးစားနေပြီး ရပ်ရှ်ဖို့ဒ် ကသာ လိုလားခဲ့ပါက ကမ်းလှမ်းမှုများ စတင်ပြုလုပ်သွားမယ် သိရပါတယ်။ (NVS 008)