“လာမယ့်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးဖြစ်နေတဲ့ လီဗာပူးလ်အသင်း”

20 Jun

လာမယ့် ၂၀၂၅-၂၆ ရာသီအတွက် ပရီးမီးယားလိဂ်ပွဲစဉ်ဇယား ထွက်ပေါ်လာပြီးတဲ့နောက်မှာ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းက ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးအဖြစ် သတ်မှတ်ခံထားရပါတယ်။ ၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကို ဇွန်လ ၁၈ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲကို ၂၀၂၅ သြဂုတ်လ ၁၅ ရက်ကနေ ၂၀၂၆ မေလ ၂၄ ရက်အထိ ကျင်းပသွားမှာပါ ဖြစ်ပါတယ်။ Paddy Power ရဲ့ ထုတ်ပြန်ချက်အရ လီဗာပူးလ်အသင်းက ရေပန်းအစားဆုံးဖြစ်နေပြီး မန်စီးတီးက ဒုတိယနေရာ၊ အာဆင်နယ်က တတိယနေရာမှာ ရှိနေပါတယ်။ အဆိုပါအသင်းတို့ရဲ့ နောက်ပိုင်းမှာ နယူးကာဆယ်၊ ချယ်လ်ဆီး၊ မန်ယူနဲ့ စပါးတို့ အစဉ်လိုက်ရပ်တည်နေပြီး တန်းဆင်းရဖို့တော့ ဆန်းဒါးလန်းအသင်းက ရေပန်းအစားဆုံးဖြစ်နေပါတယ်။ လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဥရောပပွဲယှဉ်ပြိုင်ရမယ့် ကလပ်အသင်း ၉ သင်းအထိ ရှိနေတာကြောင့် ပွဲစဉ်အပြောင်းအလဲလုပ်ရတာတွေ များပြား နိုင်ကြောင်းလည်း သိရပါတယ်။ (NVS 008)

20 Jun

ADVERTISE HERE .