“(၃) ကြိမ်မြောက် ချန်ပီယံဆု ဆွတ်ခူးခဲ့တဲ့ ထိုင်းယူ - ၁၉ အမျိုးသမီးအသင်း”

20 Jun

အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံဆုကို ထိုင်းယူ-၁၉ အမျိုးသမီးအသင်းက (၃)ကြိမ်မြောက် ဆွတ်ခူးရရှိခဲ့ပြီ ဖြစ်ပါတယ်။ ထိုင်း ယူ-၁၉ လက်ရွေးစင်အသင်းက အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ဗိုလ်လုပွဲယှဉ်ပြိုင်ကစားခဲ့ရာ ၃ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရရှိကာ ဗိုလ်စွဲခဲ့ခြင်း ဖြစ်ပါတယ်။ ထိုင်းအသင်းက အုပ်စုတွင်းအဆင့်မှ ဗိုလ်လုပွဲစဉ်အထိ ရှုံးပွဲမရှိ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်တဲ့ မြန်မာ ယူ -၁၉ အမျိုးသမီးအသင်းက တတိယဗိုလ်ပွဲအထိ တက်လှမ်းနိုင်ခဲ့သော်လည်း အင်ဒိုနီးရှားအသင်းကို ပင်နယ်တီအဆုံးဖြတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ (NVS 008)

20 Jun

ADVERTISE HERE .